သရက်သီးမှည့်စားတာ ကောင်းကျိုးများသလား
အရောင်အသွေးရော အနံ့အရသာပါ ပြည့်စုံတဲ့ သရက်သီးမှည့်ကို မကြိုက်ကြသူတွေက ခပ်ရှားရှားပါ။ မြန်မာ အပါအဝင် အာရှဒေသတော်တော်များများမှာ သရက်သီးမှည့်ကို ပုံစံအမျိုးမျိုးနဲ့ စားသုံးကြပါတယ်။ ဒီလိုမျိုး နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြတဲ့ သရက်သီးမှည့် ကောင်းကျိုးများလားဆိုတာလေးကိုများ မသိချင်ကြဘူးလား။ ဒါဆိုရင်တော့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
အမျိုးအစား စုံလင်ကြသလို အနံ့အရသာ ပြည့်စုံတဲ့ သရက်သီးမှည့်လေးကို စားပေးတာက ...
ကိုယ်ခံအား ကောင်းစေတယ် - သရက်သီးမှည့်မှာ ဗီတာမင် စီ ပါဝင်နေတာကြောင့် ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်နေတာကြောင့် အနာကျက်စေနိုင်သလို သွေးကြောတွေ ကျန်းမာစေဖို့လည်း လုပ်ဆောင်ပေးပြီး အရိုးနု၊ ကြွက်သားတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ဖရီးရက်ဒီကယ်တွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ် - သရက်သီးမှည့်မှာ အင်ဒီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ဆဲလ်တွေနဲ့ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေကို ဖရီးရက်ဒီကယ်ကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဆီးချိုကာကွယ်ပေးသလို အရောင်ကျစေနိုင်ပြီး အဝလွန်တာမျိုး မဖြစ်စေဖို့ရော ကင်ဆာ မဖြစ်စေဖို့ပါ လုပ်ဆောင်ပေးနိုင်ပါသေးတယ်။
အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ် - သရက်သီး တစ်လုံးမှာ အမျှင်ဓာတ် ၃ ဂရမ်လောက် ပါဝင်နေပြီး အူတွေကို လှုပ်ရှားမှု ကောင်းစေသလို ဝမ်းမှန်စေပါတယ်။ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး ပြဿနာတွေ ကို ကာကွယ်ပေးပါတယ်။ အူမကြီး ကျန်းမာစေဖို့ပါ ထောက်ကူပေးပါသေးတယ်။
ကောင်းကောင်း အိပ်ပျော်စေနိုင်တယ် - သရက်သီး စားပေးတာက ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဗီတာမင် ဘီစစ် ပါဝင်နေတာက ဆီရိုတိုနင် ထွက်ရှိစေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ လုပ်ဆောင်ပေးတာပါ။ ညဘက်တွေ ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် သရက်သီးမှည့် စားပေးလို့ ရပါတယ်။
မျက်လုံးတွေ ကျန်းမာစေတယ် - ဗီတာမင် အေ၊ လူတင်နဲ့ Zeaxanthin တို့ ပါဝင်နေတာကြောင့် မျက်လုံးတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို သရက်သီး တစ်ခွက်စာ စားပေးတာက မျက်လုံး ကျန်းမာစေမှာပါ။
အရောင်ကျစေနိုင်တယ် - ဗီတာမင် စီ ပါဝင်နေတာက သရက်သီးကို အင်ဒီအောက်ဆီးဒင့် ကြွယ်ဝစေပြီး နာကျင်ရောင်ရမ်းတာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အဆစ်ရောင်တာ အပါအဝင် ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။
အသားအရေ ကျန်းမာစေတယ် - အရသာ ချိုချိုလေးနဲ့ စားကောင်းတဲ့ သရက်သီးမှည့်က ဗီတာမင် စီ ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေဖို့ရော ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ မီးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာကို သက်သာစေဖို့ သရက်သီးမှည့်ကို စားပေးသင့်ပါတယ်။
နှလုံး ကျန်းမာစေတယ် - သရက်သီးမှည့်က သွေးကြောတွေကို ကျန်းမာစေပြီး သွေးစီဆင်းမ့ ကောင်းမွန်စေလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
အရောင်အသွေး အနံ့အရသာနဲ့ ပြည့်စုံတဲ့ သရက်သီးမှည့်လေး စားပေးမယ်ဆိုရင်တော့ အခုပြောခဲ့တဲ့ အကျိုးကျေးဇူးကို ရရှိစေမှာပါ။
မွန်မွန်